H@PpY B!rTHd@Y KO Maung (oR) Dj.Err0r

ယနေ့ မေလ (၁၄) ရက်နေ့ဟာ စည်းလုံးခြင်းသံစဉ်၏ အဖွဲ့ဝင် Admin ဖြစ်တဲ့ ကိုမောင် (ခ) Error ရဲ့မွေးနေ့ဖြစ်ပါတယ်။
မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး ပရဟိတဖြင့် လူမှုကောင်းကျိုး တိုင်းပြည်၏ အားကိုးထိုက်သော စံပြ သူရဲကောင်းတစ်ယောက် အဖြစ်
သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ စည်းလုံးခြင်းသံစဉ်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Happy Birthday Gue Gue
ဒီနေ့ မေလ ၅ ရက်နေ့ ဟာ စည်းလုံးခြင်းသံစဉ်ရဲ့ ဒီဂျေ တစ်ဦး ဖြစ်တဲ့ ဂူးဂူး ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လိုအင် ဆန္ဒအားလုံး ပြည့်စုံ၍ အခက်အခဲ ဟူသမျှ ကျော်လွှားနိုင်ပါစေ။ မွေးနေ့တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။ အားကိုးအားထိုက်သော သမီးလှ ရတနာတစ်ပါး ဖြစ်ပါစေ။
အမျိုးဘာသာသာသနာအတွက် အကျိုးပြုနိုင်သော နိုင်ငံသမီးကောင်း တစ်ယောက်ဖြစ်နိုင်ပါစေ လို့ စည်းလုံးခြင်းသံစဉ် မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ယဉ်ပျိုမေ – သော်ဇင်
၁ ယဉ်ပျိုမေ – သော်ဇင်
၂ မျှော်လင့်ချက်လေး – သော်ဇင်
၃ လိုချင်တာမင်းအချစ် – သော်ဇင်
၎ သတိရတယ် တယ်လီဖုန်းလေး – သော်ဇင်
၅ တွေ့ချင်သေးတယ် – သော်ဇင်
၆ ချစ်နေသော်လဲ – သော်ဇင် [Ft. Demojacktoo]
၇ သူငယ်ချင်းလိုပဲ – သော်ဇင်
၈ မင်းတစ်ယောက်ကိုပဲ – သော်ဇင်
၉ အရှုံးပေးချစ်နေမယ် – သော်ဇင်
၁၀ ယုံကြည်ပေးပါ – သော်ဇင် [Ft. Yan Paing]
၁၁ အိမ်ပြန်ချင်တယ်- သော်ဇင်
၁၂ ဘေဘီကို ငါချစ်တယ် – သော်ဇင်
စည်းလုံးခြင်းသံစဉ်သင်္ကြန်
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် အတာနှစ်ကူးသင်္ကြန်မှာ ဒီနေ့ တန်ခူးလဆန်း (၂)ရက်နေ့ သောကြာနေ့မှ စ၍ စည်းလုံးခြင်းသံစဉ်အွန်လိုင်းရေကစားမဏ္ဍပ် ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း တေးချစ်သူများကို ကြေငြာအပ်ပါတယ်။စည်းလုံးခြင်းသံစဉ်အွန်လိုင်းမဏ္ဍပ်မှ သင်္ကြန်ရက်များအတွင်း သင်္ကြန်လည်ရန် အဆင်မပြေသော အဝေးရောက် ရွှေမြန်မာ သင်္ကြန်လွမ်းသူများ အတွက် အလွမ်းပြေ သင်္ကြန်ရနံ့များပါဝင်သော သင်္ကြန်တေးသွားများ သင်္ကြန်တေးသီချင်းများကို ၂၄ နာရီပတ်လုံးထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သင်္ကြန်မှာ ကိုယ်တိုင်ဆင်နွဲနေသလိုခံစားရစေဖို့ စည်းလုံးခြင်းသံစဉ် အွန်လိုင်း ရေကစားမဏ္ဍပ်မှ တေးသီချင်းများကို နားဆင်ရင်း အတာရက်များကို ကောင်းကောင်းကြီး ဖြတ်သန်းကြရအောင် www.dj.mumcrew.net မှ ဖိတ်ခေါ်ပါတယ်ဗျာ .. ကိုယ်နဲ့ဘဝတူတွေကို အဝေးကရေလောင်းပက် ဆော့ကစားချင်သူတွေအတွက် songrq4radio@mumcrew.net
အကောင့်ကနေ သင်္ကြန်သီချင်းတွေ တောင်းပေးရင်း ဆုတောင်းပေးနိုင်ပါပီခင်ဗျာ ..
တေးချစ်သူများအားလုံး ဒီနှစ် အတာသင်္ကြန်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံ၍ ပျော်ရွှင်ဖွယ် သင်္ကြန်ရက်များ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ စည်းလုံးခြင်းသံစဉ် မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် .။
Happy Birthday ဇွန်ဦးမောင်!!
ဒီနေ့မှာကျရောက်တဲ့ စည်းလုံးခြင်းသံစဉ်မှ အက်ဒမင် တစ်ဦးဖြစ်တဲ့ ဇွန်းဦးမောင် ရဲ့ (၂၂) နှစ်ပြည့် မွေးနေ့လေးမှသည် … နောင်နှစ်ပေါင်းများစွာတိုင် မွေးနေ့တိုင်းကို ပျော်ရွှင်စွာ ဆင်နွဲနိုင်ပါစေ .. ချစ်သောသူများနဲ့ ဘဝခရီးကိုပျော်ရွှင် ဖြတ်သန်းနိုင်ပါစေ
ရွှေရောင်နေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်..
Happy Birthday ဇွန်ဦးမောင်!!
Happy Birthday ဂျစ်တူး!!
ဒီနေ့မှာ ကျရောက်တဲ့ စည်းလုံးခြင်းသံစဉ်မှ ဒီဇိုင်းတာဝန်ခံတစ်ဦးဖြစ်တဲ့ ဂျစ်တူး ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် သာယာချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ ..
သာ့သနာအကျိုး နိုင်ငံအကျိုးသယ်ပိုးထမ်းဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး မိဘအားကိုးအားထိုက်ပြုနိုင်တဲ့ သမီးအလိမ္မာလေးဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
Happy Birthday ပါ ဂျစ်တူး!!
Happy Birthday ရှင်စောပု
ဒီနေ့မှာ ကျရောက်တဲ့ စည်းလုံးခြင်းသံစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှင်စောပု (ပရဟိတ) ရဲ့ မွေးနေ့လေးမှသည် .. စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများ နှင့် ပြည့်စုံ၍ လိုအင်ဆန္ဒများပြီးပြည့်စုံနိုင်ပါစေ။ သာသနာ့အကျိုး လောကအကျိုး ရွက်ဆောင်နိုင်သူ တစ်ဦး ဖြစ်နိုင်ပါစေလို့ စည်းလုံးခြင်းသံစဉ်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…





















